MNP ၊ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစား သင်တန်းဆင်းအခမ်းအနားကို ဧပြီ၆ရက် နံနက်နာရီ ၉ အချိန်က မြို့နယ်အားကစားရုံသစ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ လူငယ်ရေးရာဝန်ကြီးဌာန၊မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းမို့လှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုနောက် သင်တန်းသား ၊ သင်တန်းသူများအား ဝတ်စုံနှင့်သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး နောက် ကြံခိုင်စွမ်းရည်ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမား(၂)ဦးအား ဂုဏ်ပြုဆုငွေနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အားကစားနည်းများအလိုက် သင်တန်းသား ၊ သင်တန်းသူများက သရုပ်ပြကစားခြင်းအား တက်ရောင်လာသောဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိလူကြီးများနဲ့ဖိတ်ကြားထားသော ဧည့်သည်တော်များကကြည့်ရူ့အားပေးခဲ့ကြသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment