MNP ၊ ဧပြီ ၇
ရခိုင်ပြည်နယ်စစ်တွေခရိုင်ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပေါက်တောမြို့ရှိအားကစားခန်းမတွင် အသိပညာပေးနံရံကပ်စာစောင်၊စာအုပ်စာစောင်များခင်းကျင်းပြသခြင်းကို ယနေ ့နံနက်ပိုင်းက ခင်းကျင်းပြသကြသည်။ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတရှာဖွေရန် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာငှားအသင်းဝင်ကတ်ပြားပြုလုပ်၍ စာအုပ်များငှားရမ်းဖတ်ရှုနိုင်ခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင် မိမိတို့ကြိုက်နှစ်သက်သည့် စာပေများ လေ့လာဖတ်ရှုနိုင်ကြောင်းပြောကြားသည်။ ထို့နောက် အသိပညာပေးနံရံစာစောင်များနှင့် ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများ၊ ကျောင်းသား ကျောင်းသူများလေ့လာသင့်သည့် စာအုပ်စာစောင်များကိုပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုကြသည်။
ထို့ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း ၊ လူငယ်စကားဝိုင်း နှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူး ပြီး ပေါက်တောမြို့နယ် Facebook Page တွင်တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ်ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment