MNP ၊ ဧပြီ ၇
ကျိုင်းတုံမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် ဌာနဆိုင်ရာများအား ဖွဲ့စည်းတာဝန်ပေးထားသည့်ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် စုပေါင်းဆောင်ရွက်ကြရန်၊ သင်္ကြန်မဏ္ဍုပ်တည်ဆောက်ရေးလုပ်ငန်းများ၊ သင်္ကြန်ယိမ်းအဖွဲ့များဖြင့်ကပြဖျော်ဖြေရေး၊ ဖွင့်ပွဲ/ပိတ်ပွဲ အစီအစဉ်များအား စည်ကားသိုက်မြိူက်စွာကျင်းပနိုင်ရေး၊ရေလုံလောက်စွာရရှိရေးဆောင်ရွက်မှု၊ဧည့်ခံကျွေးမွေးရေးနှင့်ဖျော်ဖြေရေးအစီအစဉ်များ၊ လုံခြုံရေးကဏ္ဍများ၊ စတုဒီသာကျွေးမွေးရေး၊ နှစ်ဆန်း(၁) ရက်နေ့တွင် ပရိတ်တရားနာယူရေးနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကော်မတီ အသီးသီးက ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းကလိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးကျော်စိန်သန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment