တရုတ် - မြန်မာ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက်နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ် - မြန်မာ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက်နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရေး ဆွေးနွေး


MNP ၊ ဧပြီ ၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်ပြပွဲများသို့ နှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအပြန်အလှန်ပါဝင်ပြသနိုင်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက်နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရေးအပါအဝင် နှစ်နိုင်ငံအကြားကုန်သွယ် မှုတိုးမြှင့်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)