MNP ၊ ဧပြီ ၇
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့တွင်းရှိ ရခိုင့်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေးမှုနယ် မြေအတွင်းရှိ အထင်ကရ စေတီ၊ပုထိုးများဖြစ်သော သျှစ်သောင်း၊ထုက္ကံသိမ်၊ အံတော်သိမ်၊ လေး မျက်နှာဘုရား များ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကို ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် ရခိုင့်ရိုးရာထုံတမ်းအစဉ်အလာဖြစ်သော ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ ၊ ပဌန်းရွက်ဖတ် ပူဇော်ပွဲ၊ ကဆုန်ညောင်ရေ သွန်းလောင်းပွဲ၊ ရခိုင့်ရိုးရာ ကျင်ပွဲ၊ ရခိုင့်ရိုးရာ ပြိုင်လောင်းပွဲ (လှေလှော်ပြိုင်ပွဲ) စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်လောင်းပွဲ (လှေလှော်ပြိုင်ပွဲ) ၌ လှေအရှည် ၁၂ လံ ၊ ၈ လံ နှင့် ၆လံ တို့ဖြင့် ရခိုင်ပြည်နယ်အ သီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဆက်လက်၍ ရခိုင့်ရိုးရာ ကျင်ပွဲတွင်လည်း ပထမတန်း၊ဒုတိယတန်း၊တတိယတန်း နှင့် စတုတ္ထတန်း တို့ဖြင့် ကျင်ဝါသနာရှင်များ ဝင်ရောက်ယဉ်ပြိုင်ကြမည်ဖြစ်၍ ကျေးရွာပေါင်းစုံ ဘော လုံးပြိုင်ပွဲများ၊ ခေတ်သစ် ရခိုင်ရိုးရာ ယဉ်ကျေးမှုကပွဲ သဘင် တို့ဖြင့် (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇ နိယပွဲတော်ကို မေလ ၂ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ ၅ ရက်တိုင် တိုင် အထူး စည်ကား သိုက် မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost






No comments:
Post a Comment