ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ (ထပ်ဆောင်း)ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ (ထပ်ဆောင်း)ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ



MNP ၊  ဧပြီ ၂၈

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးများ  ဆက်လက် ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံခန်းမနှင့် ကျန်စုရပ်များ၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ 


ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသည့် ပြည်သူများအား ကျန်းမာရေးဌာနမှ တာဝန်ကျ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း များကို စနစ်တကျ ဆောင်ရွက်ပေးပြီး ဒုတိယအကြိမ်ထိုးနှံပြီးသူများအား တတိယအကြိမ်အဖြစ်လည်းကောင်း၊တတိယအကြိမ်ထိုးနှံ ပြီးသူများအားစတုတ္ထအကြိမ်အဖြစ်လည်းကောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးလျက်ရှိသည်။


 ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ဧပြီလ(၂၆)ရက်နေ့က ပထမအကြိမ်အဖြစ်(၇)ဦး၊ ဒုတိယအကြိမ်အဖြစ် (၁၁)ဦး၊ တတိယအကြိမ်အဖြစ်(၁၄)ဦး၊ စတုတ္ထအကြိမ်အဖြစ်(၁၈)ဦးလာရောက် ထိုးနှံခဲ့ကြပြီး၊ ဧပြီလ(၂၇)ရက်နေ့က  ဒုတိယအကြိမ်အဖြစ် (၁)ဦးနှင့် စတုတ္ထအကြိမ်အဖြစ်(၅၃)ဦးလာရောက် ထိုးနှံခဲ့ကြကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)