MNP ၊ ဧပြီ ၂၂
မွန်ပြည်နယ်၊ မော်လမြုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (အခမဲ့)ထိုးနှံပေးခြင်း ကို ဧပြီ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် ပြည်သူ့ဆေးရုံ စည်းဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ရာတွင်ဘုန်းတော်ကြီးသင်စာသင်တိုက်များမှ ရဟန်း၊ သာမဏေများ၊ သီလရှင်ဆရာလေးများ Delivery များ၊ ဆိုင်ကယ် ကယ်ရီမောင်းနှင် သူများ၊ စည်ပင်ဝန်ထမ်းများ၊ စာပို့ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တာဝန်ယူထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်(အခမဲ့)ထိုးနှံပေးခြင်းကို ဧပြီ ၂၀ ရက်နေ့တွင် နိုင်ငံဝန်ထမ်း(၁၀၀)ဦး၊ သံဃာ၊ သီလရှင်၊ ဘာသာရေးအသင်းအဖွဲ့နှင့် ပရဟိတအဖွဲ့ဝင်များ(၁၅၁)ဦး၊ အသက်၆၅ နှစ်နှင့်အထက်ပြည်သူ(၁၅၇)ဦး စုစုပေါင်း(၄၀၈)ဦး ထိုးနှံပေးခဲ့ပြီး ယနေ့ နံနက်၉ နာရီ မှ ညနေ ၄ နာရီ အတွင်း ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်တွင် ကာကွယ်ဆေးအလုံး(၄၅၀)ကိုထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဧပြီ ၂၇ ရက်နေ့ တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment