လယ်ဝေးမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်


MNP ၊  ဧပြီ ၂၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ကျင်းပသည်။


ရှေးဦးစွာလယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ယဥ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့နာယက ဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။


ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ယဥ်ကျေးလိမ္မာသင်တန်း သင်ရိုးစာအုပ် ၅၀ နှင့် အဖွဲ့ဝင်ဦးဝင်းအောင်က အုပ်ရေ ၁၀၀ ပေးအပ်လှူဒါန်းရာ သင်တန်းနည်းပြဆရာဆရာမများက လက်ခံရယူသည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂)ဗိုလ်မှူးမင်းကျော်သူနှင့် အဖွဲ့ဝင်(၃) မြို့နယ်လဝကဦးစီးမှူး ဦးခင်မောင်ထွေးတို့က သင်တန်းသား/သင်တန်းသူလေးများအား အာဟာရကျွေးမွေးရန်အတွက် အလှူငွေများကို မြို့နယ်ဦးစီးမှူးထံပေးအပ်သည်။ ထို့နောက်မြို့နယ်တရားသူကြီးဦးအောင်ခန့်က သင်တန်းသား/သင်တန်းသူများအား စာရေးကိရိယာများ ပေးအပ် လှူဒါန်းခဲ့သည်။


နွေရာသီယဥ်ကျေးလိမ္မာသင်တန်းအား ဧပြီ ၂၁ ရက်မှ၂၄ ရက်နေ့အထိ(၄)ရက်ကြာဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၄၀)ဦး တက်ရောက်လျက်ရှိ ကြောင်း သိရသည်။


ဝေကြည်

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)