ကံမမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ကျေးရွာများအရောက် ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကံမမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ကျေးရွာများအရောက် ထောက်ပံ့ငွေများပေးအပ်





MNP ၊  ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧပြီ (၂၃) ရက်နေ့ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၁၂) ရွာ၌ ဘုန်းကြီးကျောင်း (၅) ကျောင်းနှင့် လူနေအိမ် (၈၄) လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့သည့်အတွက်    အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့နံနက်က ကျေးရွာများအရောက် ပေးအပ်ထောက်ပံ့ ခဲ့ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် ကျေးရွာများအရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကံမမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စု (၈၄) စုအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ (၂၇၂၉၆၀၀) ကျပ်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ဆန်ထောက်ပံ့မှု တန်ဖိုးငွေ (၁၄၄၇၅၀၀) ကျပ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  အလှူရှင် တစ်ဦး မတောင့်တကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကျောင်းပြင်ဆင်ရန် လှူဒါန်းငွေ (၁၅၀၀၀၀) ကျပ်နှင့်  ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းလျှင် ဆွမ်းဆန်တော် တစ်အိတ်စီလှူဒါန်းရာ စုစုပေါင်း (၄၃၂၇၁၀၀) ကျပ်တို့အား ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျော်ဇေယျဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)