မုဒုံမြို့နယ်၌ ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်၌ ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးနှံပေး


MNP ၊  ဧပြီ ၁၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ခွေးကိုက်ခံရလျှင် လူနာများအား ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရန်အတွက် ယနေ့နံနက်  ၁၁ နာရီက ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ပြင်ပလူနာဌာန၌ ထိုးနှံပေးသည်။


ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးနိုင်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ လမ်းပေါ် အမြဲသွားလာနေရသော သံဃာတော်နှင့် စာသင်သားများ၊ စာပို့သမားများ၊ Delivery သမားများ၊ဆိုက်ကယ်ကယ်ရီသမားများ၊ စည်ပင်ဝန်ထမ်းများ၊ ခွေပိုင်ရှင်ခွေးချစ်သူများ၊ ပရဟိတအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများ ၄၅၀ ဦးကို ပထမအကြိမ်အဖြင့် နှစ်ရက်ကြာ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်သည်။


ခွေးရူးပြန်ရောဂါသည် ခွေးရူးပြန်နေသော တိရစ္ဆာန်မှကိုက်ခြင်း၊ ၎င်း၏သွားရည်ထဲမှ ဗိုင်းရပ်စ်များ အနာထဲသို့ ဝင်ရောက်ခြင်းမှကူးစက်တတ်ကြောင်း၊ တိရစ္ဆာန်များကို ကိုယ်တွယ် ထိန်းကျောင်းကုသပေးသူများ၊ မွေးကင်းစကလေးငယ်များ၊ အသက်ကြီးသူများ၊ မွေးမြူရေး လုပ်ငန်းများမှ လုပ်သားများ၊ ခုခံအားနည်းသော ဝေဒနါရှင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်လူများထက်ပို၍ ခွေးရူးရောဂါအပါအဝင် ခွေးနှင့်ကြောင်တို့မှ ကူးစက်သော ရောဂါများကို အထူးသတိပြုရန် လိုအပ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။


သားငယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment