တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၁၂) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု အလှူမင်္ဂလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၁၂) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု အလှူမင်္ဂလာ


MNP ၊ ဧပြီ ၁

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၁၂)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု အလှူမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းဧချမ်းဓမ္မာရုံ၌  ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သူရိယ အမှူးပြု သော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များ အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့ အတွက်ရေစက်သွန်းချအမျှဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။


ထို့ပြင် မတ် ၃၁ ရက်တွင် ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများ အား ရှင်လောင်းလှည့်ခြင်း၊ ဆံချခြင်းများ ပြုလုပ်ခဲ့ ကြပြီး ညနေပိုင်းတွင် ရဟန်း ၅၁ ပါးနှင့် ရှင်သာမဏေ ၂၄ ပါးတို့အား သိမ်ဆင်း လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)