ဂွမြို့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကင်းရုံး-၁ရှိ ယဉ်ကျေးလိမ္မာ သင်တန်းသို့ ပြည်သူ့နီတိ စာအုပ်များလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကင်းရုံး-၁ရှိ ယဉ်ကျေးလိမ္မာ သင်တန်းသို့ ပြည်သူ့နီတိ စာအုပ်များလှူဒါန်း



MNP ၊  ဧပြီ ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကင်းရုံး-၁ ယဉ်ကျေးလိမ္မာ  သင်တန်းရှိ ကျောင်းသား၊ကျောင်းသူများကို   ဗိုလ်မှူးကြီးမင်းသန်း (ဥက္ကဋ္ဌ) ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) ရခိုင်ပြည်နယ်က ပြည်သူ့နီတိ စာအုပ်(၃၀)အား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ လှူဒါန်းခဲ့သည်။


ပြည်သူ့နီတိသည် ဆက်ဆံရမည့်နေရာ၊ ဒေသနှင့်အချိန်အခါများအပေါ် မူတည်၍ ကျင့်သုံးရမည့် လူကျင့်ဝတ်များကို ဖော်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်ပြီး အနာဂတ် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လိုက်နာရမည့် ပြည်သူ့နီတီများကို သိရှိကာ လိမ္မာယဥ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်လာစေလိုကြောင်း ဗိုလ်မှူးကြီးမင်းသန်း (ဥက္ကဋ္ဌ) ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) ရခိုင်ပြည်နယ်က ပြည်သူ့နီတိ စာအုပ်များ လှူဒါန်းရခြင်း အကြောင်းအား  ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါ ပြည်သူ့နီတိ စာအုပ်များ လှူဒါန်းပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ကျောင်းတာဝန်ခံဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)