MNP ၊ ဧပြီ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကောဇာသက္ကရာဇ် ၁၃၈၅ ခု၊ နှောင်းတန်ခူးလဆုတ် (၁၃)ရက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက အလယ်ပိုင်းရပ်ကွက် သာသနာ့ဗိမာန်တွင် ပြုလုပ်သည်။
ရှေ့ဦးစွာ အခမ်းအနားကို သံဃာတော်များနှင့်ပရိတ်သတ်များက အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး နဂါးကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ စကိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမျိုးမင်းထွဏ်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ကြံတိုင်းအောင်မိသားစုတို့က ပင့်သံဃာဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ဓမ္မဆာယာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရမှ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု “သုံးကြိမ်” ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များသည် မော်တော်ယာဉ်များဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လည်လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment