ညောင်ဦးမြို့နယ် နဂါးကျစ်ဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများအား ဘိုးဘွားပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် နဂါးကျစ်ဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများအား ဘိုးဘွားပူဇော်ပွဲ ကျင်းပ





MNP ၊  ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် နဂါးကျစ်ဘိုးဘွားရိပ်သာ၌သက်ကြီးဘိုး ဘွားများအား ဘိုးဘွားပူဇော်ပွဲကို ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ နံနက် ၁၀နာရီ ခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သက်ကြီးဘိုးဘွားပူဇော်ပွဲအခမ်းအနားတွင် နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနား ဖွင့်လှစ်သည်။ ပြီးတော့ အဘိုးအဘွားတို့အား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး အဘိုးအဘွားတို့အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက အဘိုးအဘွားတို့အား ကန်တော့ပစ္စည်းများ ပေးအပ်ကြသည်။ ဆက်လက်၍ အဘိုး(၁)ဦးနှင့် အဘွား(၁)ဦးက မေတ္တာပို့ဆုပေးခြင်းပြုလုပ်ကာ အဘိုးအဘွားတို့အား အစာအာဟာရတို့ဖြင့် ကျွေးမွေးဧည့်ခံပေးခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment