ပူတာအိုမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တည်ဆောက်မည့် ဆန်စက်မြေနေရာပန္နက်တင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တည်ဆောက်မည့် ဆန်စက်မြေနေရာပန္နက်တင်




MNP ၊  ဧပြီ ၁၁

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သမဝါယမဦးစီးဌာနအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်စေရန်အတွက် တစ်ရက်လျှင်(၁၈)တန်ထွက်ရှိမည့် ဆန်စက်တည်ဆောက်နိုင်ရေးအတွက် မြေနေရာသတ်မှတ်ခြင်းနှင့်ပန္နက်တင်ဆုတောင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၇)နာရီက ပူတာအိုမြို့လုံးစွတ်ရပ်ကွက် ပက်ထရိုစက်သုံးဆီအရောင်းဆိုင်အနီး မြေနေရာ၌ကျင်းပသည်။


ပန္နက်တင်အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ “ဆန်း”စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ဉက္ကဋ္ဌ ဦးရယ်ဒမ်းတန်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဘာသာရေးမှ ဆရာတော်ကြီးများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်တာဝန်ရှိသူများက ဆန်စက်အဆောက်အဦ တည်ဆောက်မည့်မြေနေရာအား အတည်ပြုသတ်မှတ်ပြီး အမှတ်(၂)အေဂျီသာသနာခရိုင် ကောင်သာသနာနယ်ဉက္ကဋ္ဌ သိက္ခာတော်ရဆရာတော် လိန်ဂေါင်ဇိန်၏ ဦးဆောင်မှုဖြင့် ဆန်စက်အဆောက်အဦဆောက်လုပ်မည့်မြေနေရာ အားဆက်ကပ်ဆုတောင်းကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်တာဝန်ရှိသူများက အဆောက်အဦမြေနေရာအား ပန္နက်တင်ပေးကြသည်။


အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေကျပ်သိန်းပေါင်း(၃၅၀)ဖြင့် “ဆန်း”စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်က အလျား(၈၀)ပေ၊ အနံ(၃၀)ပေနှင့် တစ်ရက်လျှင်(၁၈) တန်ထွက်ရှိမည့် ဆန်စက်အားတည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ဆန်စက်တည်ဆောက်ပြီးစီးပါက ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လှမ်းမှအထောက်အကူပြုလာမည်ဖြစ်ကြောင်း မြိုု့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။


ဖုန်ကန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)