နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏၅၁၉၁ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏၅၁၉၁ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ


MNP ၊  ဧပြီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၅၁၉၁) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။


နောင်ချိုမြို့နယ်လုံးဆိုင်ရာသံဃဒါန ဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင်စတင်တည်ထောင် ခဲ့ပြီးမြို့တွင်း ဘုန်းတော်ကြီးကျောင်းရှစ်ကျောင်းမှ သံဃာတော်အပါးတစ်ရာကျော်အား အရုဏ်ဆွမ်းများ နေ့စဉ်မပြတ်လောင်းလှူလျက်ရှိကာ ၂၀၂၃ ခုနှစ် ဧပြီလ  ၁၁ရက်နေ့တွင် အကြိမ်ရေ ၅၁၉၁ ကိုဟိန်းဇေ+မဝါဝါတင်ရွှေ(ရွှေရည်ဟိန်း)  ရွှေဆိုင်မိသားစုနှင့်ဝန်ထမ်းများ အလှူနှင့်မြို့နယ်အတွင်းရှိ  အလှူရှင်များမှလောင်းလှူခဲ့ကြသည်။


အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့် အပြင်ရပ်နီး၊ ရပ်ဝေးမှလှူဒါန်းလိုသူများမှလည်းပင် မအလှူရှင်အဖြစ်တစ်ရက် တာအရုဏ် ဆွမ်းအတွက် အလှူငွေကျပ် ကိုးသောင်းတိတိလှူဒါန်း လျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့် နေ့များတွင် သံဒါနဆွမ်းလောင်း အသင်းမှလောင်းလှူ လျက်ရှိကြောင်း ဆွမ်းလောင်း အသင်းထံမှ သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)