စလင်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေး ကျင်းပ



MNP ၊  ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်း၌ ယမန်‌နေ့ နံနက် ၈ နာရီ ၃၀မိနစ်အချိန်က နိုင်ငံစီးပွား မြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။


စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်လင်း နှင့်သက်ဆိုင်ရာဌာနဆိုင်ရာများက နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းအစည်းအဝေးကို တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွား ရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် တိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု ဖြင့် မြို့နယ်အလိုက်ခွဲဝေရရှိထားသည့် ရန်ပုံငွေများအား မြို့နယ်အတွင်းရှိပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် စီးပွားရေး တိုးတက်မြင့်မားလာစေရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြိုနယ်နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းဆောင်ရွက်သွားရန် ညွှန်ကြားခဲ့သဖြင့် စလင်းမြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီအား ယခုလိုဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စလင်းမြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်း အဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနဆောင်ရွက်ရမည့်စီမံချက်များကို တစ်ဦးခြင်းဆွေးနွေးတင်ပြခဲ့မှုများအား မြို့နယ်စီမံအုပ်ချုပ်ရေး နိုင်ငံစီးပွားမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကာ မိမိတို့ သက် ဆိုင်ရာလုပ်ငန်းများအား နယ်မြေများကွင်းဆင်း၍ ပြည်သူလူထုနှင့်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး အဆိုပါလုပ်ငန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ကြရန် စီမံကိန်းများကို ရေးဆွဲတင်ပြကြရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)