သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ လာရောက်လည်ပတ်ကြမည့် ခရီးသွားပြည်သူများ ဟိုတယ်/မိုတယ်များတွင် ကြိုတင်ချိတ်ဆက်မှု ၉၈ ရာခိုင်နှုန်းရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ လာရောက်လည်ပတ်ကြမည့် ခရီးသွားပြည်သူများ ဟိုတယ်/မိုတယ်များတွင် ကြိုတင်ချိတ်ဆက်မှု ၉၈ ရာခိုင်နှုန်းရှိ



MNP ၊  ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူများ ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ဖွင့်လှစ် ထားရှိသည့် ဟိုတယ်/မိုတယ်များတွင် တည်းခိုနိုင်ရန် ကြိုတင်ချိတ်ဆက်ထားမှု ၉၈ ရာခိုင်နှုန်းကျော် ရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ) တာဝန်ရှိသူများထံမှ သိရသည်။


ညောင်ဦးမြို့နယ်တွင် ခရီးသွားဘုရားဖူးပြည်သူများ အလွယ်တကူ သွားရောက်ဖူးမြှော်နိုင်ရန် ပြန်ကြားရေးကောင်တာသုံးခု ဖွင့်လှစ်ထားရှိပြီး သွားရောက်လိုသည့်ခရီးစဉ် နေရာဒေသများအား ပြန်ကြားရေးကောင်းတာများတွင် စုံးစမ်းနိုင်ကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ (ပုဂံရုံးခွဲ) မှဝန်ထမ်းများက ဝန်ဆောင်မှုပေးလျှက် ရှိကြောင်း သိရသည်။ ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ်/မိုတယ် ၇၅လုံးလုံး ဧပြီ ၁၁ရက်နေ့မှ ဧပြီ၁၆ရက်နေ့ထိ ကြိုတင်ချိတ်ဆက်တည်းခိုနေထိုင် နိုင်ရေး ဟိုတယ်အားလုံးပြည့်သွားပြီ ဖြစ်ကြောင်း၊ ဧပြီ ၅ ရက်နေ့မှစတင်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း ခရီးသွားဘုရားဖူးများ လာရောက်မှုများပြားလာပြီး ဧပြီလပထမပတ်မှာပင် ခရီးသွားများအလွန်များပြားလာခဲ့ခြင်းကြောင့် ဒေသခံဈေးရောင်း/ဈေးဝယ်များ၊ အီးဗိုက်၊ မီနီအိုဝေ၊ မြင်းလှည်း၊ စက်​လှေ၊ ကားအငှားလိုက်သူများ အဆင်ပြေလျှက်ရှိနေကြကြောင်း မြင်းလှည်းအငှားလိုက်သူ တောင်ဘီကျေးရွာ ဦးထွန်းကိုကပြောကြားသည်။


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရင်း၊ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်း/ပြည်ပဘုရားဖူးများ အဆင်ပြေစေရန် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း /ပြည်ပခရီးသွားဧည့်သည်များ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ဖွင့်လှစ်ထားရှိသည့် သတင်းပြန်ကြားရေးကောင်တာသုံးခုနှင့် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင်လှစ်ပြသသည့် Visiting Myanmar Virtual Reality Tour စင်တာများတွင်လည်း လာရောက်စုံးစမ်းမေးမြန်းသူများပြားလာခဲ့ကြောင်းဟိုတယ်/မိုတယ်များ တည်းခိုနေထိုင်ကြဖို့ ကြိုတင်ချိတ်ဆက်ထားမှု ၉၈ ရာခိုင်နှုန်းကျော် ရှိနေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) မှသိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)