မုံးကိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးအတွက် ဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံးကိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးအတွက် ဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်ဆောင်ရွက်



MNP ၊  ဧပြီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်သူများအတွက် ကျန်းမာရေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာမုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး (ရုပ်/သံ-၃) က ကျန်းမာခြင်း သည် လာဘ်တစ်ပါးဆိုသော စကားပုံးကိုအမှီပြု၍​ ကျန်းမာခြင်း၏ အရေးပါပုံနေ့များ၊ ဒေါက်တာစိမ့်၏ သားဆက်ခြားအသိပညာပေးများ၊ ဒေါက်တာလဲ့၏ ကျန်းမာရေးကို အဘယ့်ကြောင့် လေ့လာလိုက်စားသင့်သနည်း အစရှိသည့် ကျန်းမာရေးနှင့်ဆိုင်သော ဗဟုသုတများကို တက်ရောက်လာသော ဒေသခံပြည်သူများကို အပြန်အလှန်‌ ဟောပြောဆွေးနွေးခဲ့ကြပါသည်။


ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဌာနဖြစ် သည့်အတွက် မုံးကိုးမြို့အတွင်းရှိ ဒေသခံပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာမှု တိုးပွားလာစေရန်၊ စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှုရှိပြီး ရင်းနှီးထိတွေ့မှုများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ခင်ကျင်းပြသခြင်း၊ စာအုပ်စာစောင်များဖတ်ရှုပြီး အသိပညာပေး စာဖတ်ဝိုင်းနှင့် ဟောပြောပွဲများကျင်းပခြင်း၊ ပြည်သူများမှ စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန် မြို့ရုံးပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်း၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများမှ မူးယစ်ဆေးဝါးအကြောင်းကို သိမြင်စေရန် အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံများခင်းကျင်းပြသ ဆောင်ရွက်လျက် ရှိကြောင်းကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိုမီခရွန်ရောဂါကာကွယ်ရေး ကို ပြည်သူများသိရှိစေရန် နံရံကပ်စာစောင်များဖြင့် ခင်းကျင်းပြသခဲ့ပြီး ဒေသခံပြည်သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။


မေစံပယ်ဖူး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)