မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ကျင်းပ

 



MNP ၊  ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၂)နာရီက  မြစ်သားမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်  ဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်ရှိန်များ ပိုမိုမြင့်တက်လာပြီး အသိပညာ ဗဟုသုတများ ကြွယ်ဝလာကာ အမှားနှင့် အမှန်ကောင်းစွာ ခွဲခြားဆုံးဖြတ်နိုင်ပြီး အချိန်ကို အကျိုးရှိစွာ အသုံးချသူများ ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဆရာကြီး ဦးကျော်နိုင်က ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်မှ “သင့်ရဲ့လက်ထဲမှာပဲ” ခေါင်းစဥ်ပါ အရှည်မြော်မြင်ပြီး လုပ်ရမည်အကြောင်း၊   ရှင်းလင်းရမည်အကြောင်း၊ တိကျရမည်အကြောင်းများနှင့် အစဥ်အမြဲ လေ့လာလေ့ကျင့်နေရမယ် အကြောင်း စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပြီး ဒေါ်အိရွှေလင်းက “အချိန်မီပြီးစီးရမယ်”ခေါင်းစဥ်ပါ  ဘယ်အလုပ်ကို ဘယ်နေ့ဘယ်ရက်၊ ဘယ်လမတိုင်ခင် ပြီးစီးရမယ်ဆိုတဲ့ အချိန်ဇယား၊ အချိန်စာရင်းနဲ့လုပ်ဆောင်ကြရမယ်။ လမ်းဖောက်၊ တံတားဆောက်၊ ဥမင်လိုဏ်ခေါင်းဖောက်၊ စက်ရုံအလုပ်ရုံဆောက်၊ ဘာပဲအလုပ်လုပ်လျာထားချက် အချိန်သတ်မှတ်ချက် ရှိရမယ်။ မမျှော်လင့်တဲ့ အခက်အခဲ နှောင့်နှေးကြန့်ကြာမှုအတွက် အရန်အချိန်လည်း ထားသင့်ရင် ထားရမယ်။ ဘာဘဲဖြစ်ဖြစ်သတ်မှတ်တဲ့ နောက်ဆုံး Dead line ကိုတော့ မကျော်စေရဘူးစသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးသည်။


ထို့နောက် စာဖတ်ပရိသတ် ဦးသိန်းဝင်းက “ ပေါင်းစည်းညှိနှိုင်းရမယ် ”ခေါင်းစဥ်ပါ အလုပ်ဆိုတာက သူ့ချည်းလည်း မပြီးစီးနိုင်ဘူး။ ကိုယ်ချည်းဘဲကျုံးရုံးလုပ်နေလည်း အလကားပဲ။ ဂီတာမှာ ရှိပါကောလား။ ဆိုင်းနဲ့နှဲ၊ စည်းနဲ့ဝါး၊ စန္ဒရားနဲ့ တယောလှပတဲ့ ဂီတသံယောဇဥ်အတွဲအဖက်တွေ တွေ့ရမယ်။ ပေါင်းစည်းညှိနှိုင်းရမယ့် ကော်မတီများ၊ ကောင်စီများ၊ အသင်းအဖွဲ့တွေဟာ အစည်းအဝေးလုပ်ပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်မှသာ လုပ်ငန်းများ အဆင်ပြေဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း‌ ဆွေးနွေးပြောကြားကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက သိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


သီတာအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)