MNP ၊ ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ခရိုင်စိုက် / ကြပ်ကော်မတီဝင်များ၊ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ရွှေတောင်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ၂၀၂၂ - ၂၀၂၃ခုနှစ် သီးနှံများ တစ်သီး၊နှစ်သီး၊သုံးသီး စိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်ပျိုးနိုင်မည့်အခြေအနေများအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်ကျောက်မြင့်ကျေးရွာအုပ်စု၊ကျောက်မြင့်ကျေးရွာ၊
ကံသုံးဆင့်ကျေးရွာအုပ်စု၊ ကံသုံးဆင့်ကျေးရွာ၊ တောဟိုင်ကျေးရွာအုပ်စု၊ သခွတ်ကုန်းကျေးရွာ၊ ညောင်စာရေးကျေးရွာအုပ်စု၊ ( ဆင်သေ၊ဇီးကျွန်း၊ ညောင်စာရေး၊ ရှားတိုင်း) ကျေးရွာ ၊ သရက်တပင်အုပ်စု၊ သရက်တပင်ကျေးရွာ၊ ကွင်းယားကြီးအုပ်စု၊ ( ကွင်းယားကြီး၊ ဂွေးတောက်မြောင်၊ ပေါင်းချုပ်) ကျေးရွာ ၊ကွေ့မကျေးရွာအုပ်စု၊တရုတ်မှော်ကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ နှစ်သီးစိုက် ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စရပ်များ၊ ဆီထွက်သီးနှံစိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကွင်းယားကြီးကျေးရွာအုပ်စု၊ဖိုးဖြူရေနှုတ်မြောင်းပြန်လည်တူးဖော်နိုင်ရေးအတွက် ဒေသခံတောင်သူများ၏တင်ပြလာမှုအပေါ် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ခရိုင်စိုက် / ကြပ်ကော်မတီဝင်များ၊ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ခရိုင်စိုက် / ကြပ်ကော်မတီဝင် များ၊ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စိုက် / ကြပ်ကော်မတီဝင် များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှလိုက်ပါကွင်းဆင်းပြီး မြို့နယ်အတွင်းသီးနှံများ တစ်သီး၊နှစ်သီး၊ သုံးသီး စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ထပ်မံတိုးချဲ့စိုက်ပျိုးမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment