ဖြူးမြို့နယ် Community Centre တွင် ပြုလုပ်သည့် အခြေခံပန်းချီသင်တန်း ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ် Community Centre တွင် ပြုလုပ်သည့် အခြေခံပန်းချီသင်တန်း ဆင်းပွဲကျင်းပ





MNP ၊  ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုကျောင်းဆင်းများပူးပေါင်း၍ နွေရာသီကျောင်းပိတ်ချိန်ကာလတွင် ကျောင်းသား/ ကျောင်းသူများ အနေဖြင့် အခြေခံပန်းချီပညာကို တတ်မြောက်သွားစေရန်အတွက် ရည်ရွယ်၍ နွေရာသီပန်းချီသင်တန်း(အခမဲ့)ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီ အချိန်က ဦးစီးဌာန Community Centre ခန်းမ တွင်  ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် ဦးဆောင်သင်တန်းနည်းပြဆရာ ပန်းချီပညာဝါသနာအိုးများ (Group) ဥက္ကဋ္ဌ ဦးကျော်ငြိမ်း (စိတ်မီးအိမ်)က သင်တန်းသား/ သင်တန်းသူများအား ပန်းချီပညာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက  ကျေးဇူးတင်စကားပြောကြားသည်။


ဆက်လက်၍ သင်တန်းထူးချွန်ဆုများ ချီးမြှင့်ရာ ဦးစီးအရာရှိ ဒေါ်အိမာဟိန်း၊ သင်တန်းနည်းပြဆရာ ဦးကျော်ငြိမ်း (စိတ်မီးအိမ်)နှင့် နည်းပြဆရာမများက သင်တန်းတစ်လျှောက် ကြိုးစားမှုအလိုက်ရွေးချယ်ခြင်း၊ သင်တန်းအကဲဖြတ်မှုအနေဖြင့် ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းများတွင်  ပထမဆု၊ ဒုတိယဆုနှင့် တတိဆုရရှိသူများအား ဆုတံဆိပ်များချီးမြှင့်ပေးပြီး  သင်တန်းသား/ သင်တန်းသူ တစ်ဦးစီတိုင်းအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းတွင် မူလတန်း/ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၁)ဦးအား မတ်လ (၁၇)ရက်နေ့မှစတင်ကာ ပိတ်ရက်မရှိ နေ့စဉ်နံနက်ပိုင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)