နှစ်သစ်ကူးအတာသင်္ကြန်ကာလ ပြည်သူများ အေးချမ်းပျော်ရွှင်နိုင်စေရန် ပါဝင်ဖျော်ဖြေပေးလျက်ရှိသော ပိုင်တံခွန်၊ G Fatt တို့ကို နိုင်ငံရေးအစွန်းရောက်များက ဆဲဆိုစော်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်သစ်ကူးအတာသင်္ကြန်ကာလ ပြည်သူများ အေးချမ်းပျော်ရွှင်နိုင်စေရန် ပါဝင်ဖျော်ဖြေပေးလျက်ရှိသော ပိုင်တံခွန်၊ G Fatt တို့ကို နိုင်ငံရေးအစွန်းရောက်များက ဆဲဆိုစော်ကားလျက်ရှိ





MNP ၊ ဧပြီ ၁၄

နှစ်သစ်ကူးအတာသင်္ကြန်ကာလ ပြည်သူများ အေးချမ်းပျော်ရွှင်နိုင်စေရန် ပါဝင်ဖျော်ဖြေပေးလျက်ရှိသော ပိုင်တံခွန်၊ G Fatt တို့ကို အကြမ်းဖက်လှုံ့ဆော်သူ နိုင်ငံရေးအစွန်းရောက်များက ဆဲဆိုစော်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။

သင်္ကြန်အကြိုနေ့က အဆိုတော်ယုန်လေး နှင့်အတူ G Fatt ၊ ပိုင်တံခွန် တို့ ၏ ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီး ဆူပူအကြမ်းဖက်လှုံ့ဆော် နိုင်ငံရေးလုပ်စားသူများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ယက်စာမျက်နှာများတွင် လှုံ့ဆော်ရေးသားမှုများ ပြလုပ်လျက်ရှိသည်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများသည် ၎င်းတို့၏ အကြမ်းဖက်လှုပ်ရှားမှုတွင် အနုပညာရှင်များ ပါဝင်လာစေရန် ငွေပေးစည်းရုံး၍ လက်သုံးချောင်းထောင်ခိုင်းခြင်း၊ ၎င်းတို့ရေးသားလှုံ့ဆော်မှုများကို ထပ်ဆင့်ဖြန့်ဝေခိုင်းခြင်းဖြင့် အနုပညာရှင်များကို အကြမ်းဖက်လှုပ်ရှားမှုအတွက် အသုံးချခဲ့ကြသည်။

နိုင်ငံရေးလုပ်စားသူများ၏ အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် အနုပညာရှင်အချို့ကို တရားစွဲဆို အရေးယူဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ထိုသို့ နိုင်ငံရေးလုပ်စားသူများ၏ အသုံးချခံဘဝမှ မိမိတို့၏ အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ဆောင်ရွက်နေကြသည့်အပေါ် အလုံးစုံပျက်သုဉ်းရေးအတွက် လှုံ့ဆော်နေသူများက အနုပညာရှင်များကို ဆဲဆိုစော်ကားမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)