ကျောက်ဖြူမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade- 1 မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade- 1 မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာ




MNP ၊  ဧပြီ ၂၇

  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဖေဖော်ဝါရီလအတွင်း ဖြေဆိုခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade-1  မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှ စတင်၍  အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေငြာထားသည်။


         ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၄၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း(၅)ကျောင်းနှင့် လေ့ကျင့်ရေးကျောင်း(၁)ကျောင်း စုစုပေါင်း (၂၅၂)ကျောင်းရှိပြီး မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ   အားလုံးတို့၏ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာထားရာ ကျောင်းသား၊  ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများက မိမိတို့အမည်များ ပါ၊ မပါ ၊ မိဘအုပ်ထိန်းသူ များက မိမိတို့ သား၊ သမီး အမည်ပါ၊ မပါ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)