တံတားဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade=1 မှ Grade=11 အထိ စာမေးပွဲအောင်စာရင်းမျာ ထုတ်ပြန်ကြေငြာ - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade=1 မှ Grade=11 အထိ စာမေးပွဲအောင်စာရင်းမျာ ထုတ်ပြန်ကြေငြာ


MNP ၊  ဧပြီ ၂၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း ဖြေဆိုခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade=1  မှ Grade=11 အထိ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှ စတင်၍  အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။


တံတားဦးမြို့နယ်အတွင် အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း(၉)ကျောင်း၊ စုစုပေါင်း(၁၃၀) ကျောင်းရှိပြီး မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ   အားလုံးတို့အား စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာထားရာ ကျောင်းသား၊  ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများက မိမိတို့အမည်များ ပါ၊ မပါ ၊ မိဘအုပ်ထိန်းသူများက မိမိတို့ သား၊ သမီး အမည်ပါ၊ မပါ လာရောက်ကြည့်ရှုကြကြောင်းနှင့် Grade-5 ကျောင်းသား၊ ကျောင်းသူများနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများအားလုံးလည်း တစ်ပါတည်း အောင်စာရင်းထုတ်ပြန်ပေးထားကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


ဦးရဲတင့်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)