MNP ၊ ဧပြီ ၂၇
မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းအသီးသီးရှိ KG. တန်း မှ Grade-11. အထိ အောင်စာရင်းများကို ယနေ့ နံနက် ၆. နာရီတွင် သက်ဆိုင်ရာ စာသင်ကျောင်းများ၌ ထုတ်ပြန်ထားရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ် အတွင်း၌ အခြေခံ ပညာကျောင်းပေါင်း ၁၄၉ကျောင်း ရှိရာ KG တန်း မှ Grade-11အထိ စာမေးပွဲဝင် ရောက်ဖြေဆိုသူ စာရင်းရှိ ဦးရေ စုစုပေါင်း မှာ (၂၆၁၇၅) ဦးဖြစ်ပြီး ကျောင်းသား ၊ (၁၂၅၅၈) ဦး နှင့် ကျောင်းသူ (၁၃၆၀၄) ဦး စုစုပေါင်း (၂၆၁၆၂) ဦး အောင်မြင်ခဲ့ရာ အောင်မြင်မှု ရာခိုင်နှုန်းမှာ ၉၉.၉၅. ရာခိုင်နှူန်း ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ရုံး မှ သိရှိ ရသည်။
ထူးနောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment