MNP ၊ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မော်တိတ်ကျေးရွာအနီးတွင် ယမန်နေ့ က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/PDF အကြမ်းဖက်သမားများ အထိတွေ့မှု ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်၊ မော်တိတ်ကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် ၎င်းကျေးရွာအနီးတဝိုက်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် KIA/PDF အကြမ်းဖက်သမားများအား တွေ့ရှိခဲ့ရပြီး လုံခြုံရေးအဖွဲဝင်များက စတင်ပစ်ခတ် ချေမှုန်းခဲ့ရာ KIA/PDF အကြမ်းဖက်သမားများမှာ ကြောက်ကြောက်လန့်လန့် ရမ်းသမ်းပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ KIA/PDF အကြမ်းဖက်သမားများနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ KIA/PDF အကြမ်းဖက်သမား ၆ဦး အသေဖမ်းဆီးရမိပြီး အမ်-၇၉ ဗုံးပစ်လောင်ချာ ၁ လက်၊ Ak-47 သေနတ်၂လက်၊ ၎င်းကျည်အိမ် ၁၀ ခု၊ ၎င်းကျည် ၄၀၀ တောင့်၊ RPG ဒုံးသီး ၈ လုံး၊ ၄၀ မမ ဗုံးသီး ၉ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁ လုံး၊ BA-91 လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ ကျောပိုးအိတ် ၉ လုံး၊ KIA ဘက်တံဆိပ်ပါ အင်္ကျီ ၃ ထည်၊ KIA/PDF ဘက်တံဆိပ်ပါ အင်္ကျီ ၁ ထည်၊ စာအုပ် ၁ အုပ်တို့အား သိမ်းဆည်းရရှိခဲကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment