မိုင်းဖြတ်မြို့နယ်၌ (Mobile Phone)ဖြင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ (Mobile Phone)ဖြင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP ၊  ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများနွေရာသီကျောင်းပိတ်ရက်များ​၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ စာပေချစ်မြတ်နိုးသူများအဖွဲ့တို့မှ(အခမဲ့) ပူးပေါင်းဖွင့်လှစ်သည့် (Mobile Phone)ဖြင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ဧပြီလ ၁၀ရက်၊ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့​ကြောင်းသိရသည်။


​ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က အဖွင့်အမှာစကား​ပြောကြားပြီး သင်တန်းနည်းပြဆရာဦးသန်းထွန်း​အေးက  သင်တန်းကပို့ချသည့် ဗွီဒီယိုတည်းဖြတ်နည်း နည်းပညာ​တွေကို လူမှုနယ်ပယ်တွင် လက်​တွေ့အသုံးချနိုင်​ရေး ၊နည်းပညာများသည် သင်ယူတတ်​မြောက်ထားသည်ဖြစ်​သော်လည်း ​​လေ့လာ၊ လေ့ကျင့်နိုင်မှသာ အကျိုးရှိ​ကြောင်းနှင့် စပ်လျဥ်း၍ အမှာစကား​ပြောကြားခဲ့သည်။ ယင်း​နောက် သင်တန်းသူ ​မသဲပွင့်ဦးက ​ကျေးဇူးတင်စကား ​ပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို ​မတ်လ ၂၈ရက်မှ ဧပြီလ ၁၀ရက်နေ့အထိ (Kinemaster)​ဆော့ဝဲလ်ကို အသုံးပြု၍ ဖွင့်လှစ်သင်ကြားခဲ့ပြီး  ကျောင်း သား/သူများ၊ စိတ်ပါဝင်စားသူ (၁၅)ဦးတက်ရောက်​ခဲ့​ကြောင်း သိရသည်။


​ရွှေကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)