ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Alexander James Matheou ကို လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Alexander James Matheou ကို လက်ခံတွေ့ဆုံ


MNP ၊  ဧပြီ  ၂၇

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်   လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.  Alexander James Matheou ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက IFRC ၏ လုပ်ငန်း သဘောသဘာဝ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က ဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ကူညီပံ့ပိုးပေးနေမှုကို ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး၊ သန့်ရှင်းရေး၊ အသိပညာပေးရေးကဏ္ဍများတွင် နည်းပညာအကူအညီများ ပေးအပ်ရေးနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြားသည်။     


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)