အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့်ဆက်သွယ်၍ Federal School of Aung Myay Thar Zan အမည်ဖြင့် Online မှတစ်ဆင့် တရားမဝင်ပညာသင်ကြားမှုများကို ဦးဆောင်သူ အိရွှေစင်မြင့် အပါအဝင် ၁၅ ဦးအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့်ဆက်သွယ်၍ Federal School of Aung Myay Thar Zan အမည်ဖြင့် Online မှတစ်ဆင့် တရားမဝင်ပညာသင်ကြားမှုများကို ဦးဆောင်သူ အိရွှေစင်မြင့် အပါအဝင် ၁၅ ဦးအား ဖမ်းဆီးရမိ


MNP ၊ ဧပြီ ၄

နိုင်ငံတော်အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန်ရည်ရွယ်၍ အကြမ်းဖက် အုပ်စုအဖြစ်ကြေညာထားသော NUG ၏ နောက်ကွယ်မှ အားပေးအားမြှောက်မှု ရယူကာ Federal School of Aung Myay Thar Zan အမည်ဖြင့် တရားမဝင်ပညာ သင်ကြားခြင်းအား Online စနစ်ဖြင့် ဆောင်ရွက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံ အိရွှေစင်မြင့် အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိ တရားခံ အိရွှေစင်မြင့် အား စစ်ဆေးဖော်ထုတ်ချက်များအရ တရားမဝင် Federal School of Aung Myay Thar Zan တွင် သင်ကြားရေးဆောင်ရွက် နေသော တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း စုစုပေါင်း ၁၄ ဦးတို့အား ၎င်းတို့နေအိမ်အသီးသီး၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော NUG ၏ စေခိုင်းချက်ဖြင့် Federal School of Aung Myay Thar Zan အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ ကျောင်းသား/ကျောင်းသူများထံမှ ကောက်ခံရသည့် ငွေကြေးများအား ရဟန်းသံဃာများ၊ ဆရာ/ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံ သတ်ဖြတ်ခြင်း၊ နိုင်ငံတော်ပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသို့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ Federal School of Aung Myay Thar Zan အမည်ရှိ တရားမဝင် စာသင်ကြားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ၁၅ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် တရားမဝင်ပညာသင်ကြားမှု အစီအစဉ်တွင် စာရင်းပေးသွင်း၍ အတန်းများတက်ရောက်စေခဲ့သော မိဘများနှင့် ကျောင်းသား/ ကျောင်းသူများကိုပါ ဆက်လက်ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

မိဘပြည်သူများအနေဖြင့် မိမိတို့၏ သား/ သမီးများအား နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံတက်ရောက်စေရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် တရားမဝင်စာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုရန်၊ တရားမဝင်စာသင်ကြားမှုပြုလုပ်နေသည့် စာသင်ကျောင်းများနှင့်ပတ်သက်၍ သတင်းရရှိ ပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့စေလိုကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)