MNP ၊ ဧပြီ ၈
ပုံပြင်အမည် - “မြေခွေးနှင့်ကျီးကန်း”
တင်ဆက်သူ - မခိုင်မျိုးဝေ (Grade-8)၊ အထက(ပုဏ္ဏားကျွန်း)
ရိုက်ကူး/တည်းဖြတ် -
နီထွန်းအောင်(ပြန်/ဆက်)
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Online ပုံပြောပြိုင်ပွဲအစီ အစဉ်ကို ယမန်နေ့၊ နေ့လည်ပိုင်းက ရိုက်ကူးတင်ဆက်ပေးခဲ့သည်။
ပုံပြောပြိုင်ပွဲအစီအစဉ်တွင် အထက (ပုဏ္ဏားကျွန်း)မှ Grade-8 ကျောင်းသူ မခိုင်မျိုးဝေက “မြေခွေးနှင့်ကျီးကန်း” ဆိုတဲ့ ပုံပြင်ဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ပုံပြောပြိုင်ပွဲ ရုပ်သံဖိုင်အား ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် ထပ်ဆင့်တင်ဆက် ထုတ်လွှင့်ပေးလျက်ရှိသည်။
ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်နှင့်စိတ်အပန်းပြေ ပျော်ရွှင်စေရန်ရည်ရွယ်၍ သုတ၊ ရသ စာအုပ်စာစောင်များအား မိတ်ဆက်ပေးခြင်း၊ ပုံပြင် ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့်ရောင်စုံစက္ကူများဖြင့် အရုပ်ခေါက်/ပန်းအလှခေါက် အစီအစဉ် များကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment