PDF အမည်ခံအကြမ်းဖက်သမားများက စစ်ကိုင်းမြို့နယ်အတွင်းရှိ ကြက်သွန်စိုက်ခင်း အတွင်းသို့ Drone ဖြင့် Drop Bomb ပစ်ချ တိုက်ခိုက်၊ အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစ ထိမှန်ဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများက စစ်ကိုင်းမြို့နယ်အတွင်းရှိ ကြက်သွန်စိုက်ခင်း အတွင်းသို့ Drone ဖြင့် Drop Bomb ပစ်ချ တိုက်ခိုက်၊ အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစ ထိမှန်ဒဏ်ရာရရှိ


MNP ၊ ဧပြီ  ၂

NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း၊ လုယက် ယူဆောင်ခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ မတ် ၂၉ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ကြက်သွန်စိုက်ခင်း၌ ကျေးရွာနေ ပြည်သူများမှ ကြက်သွန် နှုတ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါ ကြက်သွန်စိုက်ခင်းပိုင်ရှင်ထံမှ ဆက်ကြေးတောင်းခံရာ ဆက်ကြေးမရသဖြင့် Drone ဖြင့် ကြက်သွန်ခင်းအတွင်းသို့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နှုတ်နေသည့် အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျေးလက်ဆေးပေးခန်းသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အေးချမ်းစွာ နေထိုင်၊ လုပ်ကိုင်စားသောက်ပြီး မိမိစီးပွားရေး မိမိ ဆောင်ရွက်နေသည့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောက်တရားများ လွှမ်းမိုးလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို တရားဉပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)