PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်အား ပတ်ခတ်တိုက်ခိုက်၊ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး သံဃာတော် ၂ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်အား ပတ်ခတ်တိုက်ခိုက်၊ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး သံဃာတော် ၂ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ




MNP ၊ ဧပြီ  ၂

CRPH၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဧပြီ ၁ ရက် ည ၈ နာရီခန့်တွင် စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာနေထိုင်သွားလာ လျက်ရှိသည့် ခရီးသည်တင်ယာဉ်အား နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့  ပြေးဆွဲနေသော ယာဉ်မောင်း ဦးကျော်စိုးလွင် မောင်းနှင်သည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်သည် ခရီးသည် ၁၆ ဦးအား တင်ဆောင်၍ ထွက်ခွာလာရာ ဧပြီ ၁ ရက် ည ၈ နာရီခန့်တွင်  တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နှင့် ကမ္မလိုင်း ကျေးရွာအကြားရှိ မိုင်တိုင်အမှတ်(၈၄/၁)နှင့် (၈၄/၂)ကြား နေရာသို့အရောက်၌ CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာမှ လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ခရီးသွား ပြည်သူ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံး ပြီး သံဃာတော် ၂ ပါးနှင့် အမျိုးသား ၂ ဦးတို့ လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဆိုပါဒဏ်ရာရရှိသူများအား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာလျက်ရှိသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေနိုင်သည်အထိ စက်ဆုပ် ရွံရှာဖွယ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)