MNP ၊ ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျားသိုက်ကျေးရွာဝန်းကျင်တွင် ယမန်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသော ပြည်သူများမှ PDFအကြမ်းဖက်များ၏ သွားလာလှုပ်ရှားမှုများနှင့် စခန်းတည်နေရာများအား သတင်းများပေးပိုလျက်ရှိရာ လုံခြုံရေးအဖွဲ့များက အုံးတောကျေးရွာမှစ၍ နယ်မြေရှင်းလင်းရေးများဆောင်ရွက်ခဲ့ရာ ကျားသိုက်ကျေးရွာဝန်းကျင်အရောက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ လက်နက်ခဲယမ်းများ၊ အသုံးအဆောင်ပစ္စည်းများအား ထားခဲ့၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ PDF အကြမ်းဖက်စခန်းမှ လက်လုပ်သေနတ် (၂) လက်၊ လက်လုပ်မိုင်း (၁၉) လုံး၊ လက်လုပ်ဗုံးသီး (၁၆) လုံး၊ ဒီတိုနေတာ (၈၆) ချောင်း၊ ဝါးညှပ်ခလုတ် (၆) ခု၊ ဆားကစ်အုံ (၅) ခု၊ စနစ်အမြန်ကြိုး (၁) ချောင်း၊ အနှေးယမ်းကြိုး (၁) ခွေ၊ ချိန်ကိုက်နာရီသေး (၄) လုံး၊ ပါဝါဓာတ်ခဲဘူး (၃) ဘူး၊ အလံ (၃) ထည်၊ အားမြှင့်ယမ်း (၁) ထုပ်၊ ကန့်မှုန့် (၁) ထုပ်၊ ဒီဂျစ်တယ်ကတ္တား (၁) ခု၊ cutter (၃) ခု တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment