MNP ၊ ဧပြီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်းက မဟုတ်မမှန်သတင်းများ ရေးသားသူ နှင့် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကလေးမြို့၊ ပင်လုံရပ်ကွက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက် ရှိသူ ၁ ဦး နေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့များက သွားရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ စည်သူနောင် အား တွေ့ရှိရပြီး သက်သေအထောက်အထားများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်း၏သူငယ်ချင်းဖြစ်သူ ဝင်းကိုသည် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်လျက်ရှိကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့များက ဝင်းကို ၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ဝင်းကိုအား အသင့်တွေ့ရှိရပြီး ဖမ်းဆီးခဲ့ကြောင်း သိရသည်
ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG အကြမ်းဖက်အဖွဲ့များကို အားပေးထောက်ခံပြီး မဟုတ်မှန် ဖန်တီးရေးသားမှုများပြုလုပ်နေသူ၊ CRPH, NUG အကြမ်းဖက်အဖွဲ့တို့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့နှင့် ပက်သက်ဆက်နွယ်နေသူ တရားခံ ၂ ဦးအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost


No comments:
Post a Comment