ခင်ဦးမြို့နယ်တွင် သိုးအုပ်၊ ဆိတ်အုပ်၊ နွားအုပ်များကို PDF အကြမ်းဖက်သမားများက မောင်းယူသွားပြီး နွားကျောင်းသား ကလေးငယ်များကိုပါ ဖမ်းဆီးထားကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခင်ဦးမြို့နယ်တွင် သိုးအုပ်၊ ဆိတ်အုပ်၊ နွားအုပ်များကို PDF အကြမ်းဖက်သမားများက မောင်းယူသွားပြီး နွားကျောင်းသား ကလေးငယ်များကိုပါ ဖမ်းဆီးထားကြောင်း သိရ


MNP ၊ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မန်ကျည်းတုံကျေးရွာမှ သိုးကျောင်းသည့် ကလေးငယ်အား ဖမ်းခေါ်သွားပြီး သိုးအုပ်ကိုပါ PDF အကြမ်းဖက်သမားများက မောင်းယူသွားသောဖြစ်စဉ် ယမန်နေ့ က ဖြစ်ခဲ့ကြောင်း ဒေသခံများ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

ယနေ့ ထပ်မံ၍ နွားကျောင်းသည့် ကလေးငယ်နှင့် ဆိတ်ကျောင်းသည့်ကလေးငယ်ကို ဖမ်းခေါ်သွားပြီး နွားအုပ် နှင့် ဆိတ်အုပ်တို့ကို PDF အကြမ်းဖက်သမားများက မောင်းယူသွားကြောင်း သိရသည်။

ထိုသို့ ဖြစ်ပေါ်ခဲ့သည့်အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "မနေ့က သိုးအုပ်ကို မောင်းသွားတယ်ဗျာ။ သိုးကျောင်းတဲ့ ကလေးကိုလည်း ဖမ်းခေါ်သွာကြတယ်။ ဒီကနေ့ နွားအုပ်၊ ဆိတ်အုပ်ကို မောင်းယူသွားပြီး ဆိတ်ကျောင်း၊ နွားကျောင်းတဲ့ ကလေးလေးတွေကိုလည်း ဖမ်းခေါ်သွားတယ်။ အဲဒီထဲက ကလေးတစ်ယောက်ကတော့ ပစ်နေတဲ့ကြားက လွတ်အောင်ပြေးလာလို့ ပြန်လွတ်လာတယ်။" ဟု ပြောသည်။

PDF အကြမ်းဖက်သမားများ က ဒေသခံပြည်သူများ၏ ပိုင်းဆိုင်မှုများကို အဓမ္မအနိုင်ကျင့် ရယူအသုံးပြုနေပုံနှင့် ပတ်သက်၍ "PDF တွေက ဒါတွေကို သားသတ်တဲ့ ကုလားတွေကို ပြန်ရောင်းတာဗျ။ သူတို့မှာ အချိတ်အဆက်ရှိတယ်။ အောက်ဈေးနဲ့ ရောင်းတော့ ကုလားကလည်း သွားဝယ်တယ်။ ကုလားက အမဲသား ၁ပိဿာ ၁၂၀၀၀ အထက်ရောင်းနေတာဗျာ။ PDF ဆီကနေ နွား၊ဆိတ်၊ သိုး အောက်ဈေးနဲ့ ရနေတာ။ ဒီလို သယ်ဆောင်နေတာတွေကိုလည်း တားဆီးမပေးတော့ ဒေသခံပြည်သူတွေဆီက အနိုင်ကျင့် ဗိုလ်ကျလို့ရတဲ့ ဟာနဲ့ လက်နက်ခဲယမ်း ရိက္ခာဖြစ်အောင် လုပ်နေတာ။" ဟု ဆက်သွယ်ပြောဆိုသည်။

ထိုသို့ ဒေသခံပြည်သူများ၏ နွား၊ သိုး၊ ဆိတ် များကို ဖမ်းဆီးရယူသွားသော PDF အကြမ်းဖက်သမားများအား ပိတ်စို့ ရှင်းလင်းဆောင်ရွက်ပေးစေလိုကြောင်း မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)