MNP ၊ ဧပြီ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ကိုကို က မီးဘေးဖြစ်ပေါ်လာရသည့်အကြောင်းအရာများ၊မီးသတ်ဦးစီးဌာနအနေဖြင့်မီးဘေးဖြစ်ပေါ်လာပါကအဆင်သင့်ငြိမ်းသတ်နိုင်အောင်ကြိုတင်ပြင်ဆင်ထားရှိမှုများအပြင်မိမိဌာန၏ရည်မှန်းချက်တာဝန်များအတိုင်းလိုက်နာဆောင်ရွက်သွားပြီးပြည်သူများအတွက်အဆင်သင့်တာဝန်ထမ်းဆောင်ကြဖို့ရှိနေကြောင်း၊မီးဘေးဖြစ်ပေါ်လာပါကပြည်သူများကလည်းတာဝန်သိစိတ်ဖြင့် အချိန်မီ သတင်းပေးနိုင်ဖို့လိုအပါကြောင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် ပေါင်မြို့နယ်အတွင်းရှိ ဈေးများ၊လူနေအိမ်များ ၊စားသောက်ဆိုင်များ ၊ ဓာတ်ဆီဆိုင်များတွင် မီးဘေးကာကွယ်ရန်အတွက် မီးသတ်ဆေးဗူးများကို အသုံးပြုရလွယ်ကူသည့်နေရာများတွင် ထားရှိပေးထားရန်စသည့်အချက်များကိုဂရုတစိုက်ဆောင်ရွက်ပေးခြင်းဖြင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး လိုက်နာသင့်သည့် အချက်များတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment