ဆင်​ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆင်​ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊  ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်၀နိုင်ကြောင်းနှင့် လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲ  ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ထို့နောက် Youth Club အသင်း ဥက္ကဋ္ဌ ဦးထက်အောင်လွှမ်းက စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” ခေါင်းစဉ်ထဲမှမှားမှာကိုမကြောက်ပါနဲ့၊ အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့် အမြင်များစသည့်စာအုပ်ပါ အကြောင်းအရာများကို Youth Club အဖွဲ့များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးနိုင်လင်းမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ခန့်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)