နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီနှင့် Authentic Productlon Co.ltd တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီနှင့် Authentic Productlon Co.ltd တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု






MNP ၊ မေ ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးရွှေကြိုင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကုမ္ပဏီရှင်းလင်းဆောင်တွင် ဥက္ကဋ္ဌ ဦးရွှေကြိုင် က ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီကို ၁၉၉၉ ခုနှစ်မှ စတင်၍ မအူပင်မြို့ နယ်နှင့် ညောင်တုန်းမြို့နယ်တို့တွင် စတင်အခြေပြုခဲ့မှု၊ စတင်လုပ်ကိုင်စဉ် ရေနက်ကွင်းဧရိယာများသာ ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စက်ယန္တရားကြီးများဖြင့် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရမှု၊ စပါးစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ၂၀၀၂ ခုနှစ်မှစတင်၍ ငါးမွေးမြူရေးလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ခဲ့မှု၊ နှစ်စဉ် ငါးကန်ပြုပြင်ခြင်းနှင့် ငါးမွေးကန်များအတွင်း ရေကောင်းရေသန့်များ ရရှိနိုင်ရေး ရေဝင်ရေထွက်မှုများကို စနစ်တကျဆောင်ရွက်ထားရှိမှု၊ မူလစတင်ဆောင်ရွက်စဉ် ပြင်ပမှငါးသားပေါက်များကို ဝယ်ယူမွေးမြူခဲ့သော်လည်း ၂၀၀၅ ခုနှစ်မှစ၍ ကိုယ်ပိုင် ငါးသားဖောက်စခန်းများ တည်ထောင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် ငါးသားဖောက်စခန်းမှ အရည်အသွေးမီ ရောဂါကင်းစင်သည့် ငါးမြစ်ချင်း၊ ငါးမှုန်ခွက် ၁၀၀၀၀ ခန့် ထုတ်လုပ်ပြီး မျိုးငါးသိန်း ၁၅၀ ခန့် ထည့်သွင်းမွေးမြူနိုင်ခဲ့ပြီးဖြစ်သည့် အခြေအနေများ၊ ၂၀၀၇ ခုနှစ်တွင် ငါးအစာတောင့် စက်ရုံစတင်လည်ပတ်နိုင်ခဲ့ပြီး ကုန်ကြမ်းများဖြစ်သည့် ဖွဲနု၊ ငါးခြောက်မှုန့်၊ ဆန်ဖွဲနု အဖြူ အဝါ၊ ပုဇွန်ဖွဲ၊ ငါးဆီ တို့ကို ဒေသခံတောင်သူလယ်သမားများထံမှ အဓိကဝယ်ယူ အသုံးပြုလျက်ရှိမှု၊ ထုတ်ကုန်များအတွက် လိုအပ်သည့် အအေးခန်းစက်ရုံများအပါအဝင် အခြေခံအဆောက်အဦများ ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ အအေးခန်းစက်ရုံများမှတဆင့် ပြည်ပသို့နှစ်စဉ်အေးခဲငါးများတင်ပို့ရောင်းချပေးလျက်ရှိမှု၊ ငါးအကောင်လိုက် ထုတ်လုပ်ဖြန့်ဖြူးမှုမှ ၂၀၂၂ ခုနှစ်မှစတင်၍ ငါးခြစ်၊ ငါးချဉ်၊ ငါးအသားလုံး၊ ငါးငံပြာရည်၊ ငါးကြင်းဆီ၊ ငါးမုန့်နှင့် အခြားငါးအခြေခံသည့် တန်ဖိုးမြင့်ထုတ်ကုန်များကို ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့မှု၊ ၂၀၁၈ ခုနှစ်မှ စတင်၍ နွားမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး နွားနို့နှင့် နွားနို့ကို အခြေခံသည့် ထုတ်ကုန်များကို ဈေးကွက်သို့ ဖြန့်ဖြူးပေးနိုင်ခဲ့မှု၊ သဘာဝမြေဩဇာထုတ်လုပ်ရောင်းချနိုင်မှုနှင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါဝါဝင်းစိုက်ပျိုး မွေးမြူရေးကုမ္ပဏီအတွင်းလှည့်လည်၍ ငါးမွေးမြူရေး ဆောင်ရွက်ထားရှိမှု၊ နွားမွေးမြူရေးဆောင်ရွက်ထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှု၊ ငါးအခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ်နေမှု၊ အအေးခန်းစက်ရုံများမှ တန်ဖိုးမြင့် ငါးထုတ်ကုန်များ ထုတ်လုပ်နေမှု၊ ရေညှိ၊ ရေမှော်ပင်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်မေးမြန်းဆွေးနွေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဝါဝါဝင်းစိုက်ပျိုး မွေးမြူရေးကုမ္ပဏီ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကံ့ကော်ပင်ကို အမှတ်တရစိုက်ပျိုးပေးပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)တို့ကလည်း ယုဇနပင်များကို အမှတ်တရ စိုက်ပျိုးပေးကြကာ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co.ltd သို့ ရောက်ရှိရာ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မျိုးဟိန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမတွင် ဦးအောင်မျိုးဟိန်းက ကုမ္ပဏီသမိုင်းအကျဉ်းနှင့် စက်ရုံမှ HDPE၊ DWC၊ PVC စသည့် ပိုက်မျိုးမျိုးကို ဆိုဒ်မျိုးစုံ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပသို့ဖြန့်ဖြူးလျက်ရှိမှု၊ ရေတိုင်ကီများ၊ မိလ္လာကန်များ၊ Road Block များ၊ ဟိုတယ်သုံး အညစ်အကြေးစစ်ထုတ်သည့် ပစ္စည်း၊ ပိုက်ဆက်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိမှု၊ ကုမ္ပဏီမှ ထုတ်လုပ်သည့် ပိုက်လိုင်းများကို စီမံကိန်းအသီးသီးတွင် အသုံးပြုလျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်းများအပေါ် ဈေးကွက်ရရှိမှုအခြေအနေများအား မေးမြန်းပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရေပိုက်အမျိုးမျိုးကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေပိုက်စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွင်းရှိ အဖိုးတန်ရေသယံဇာတများကို အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး လေလွင့်ဆုံးရှုံးမှုများ နည်းပါးစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေအသုံးပြုမှုကို ပိုက်စနစ်၊ ပန့်စနစ်များဖြင့် စနစ်တကျအသုံးပြုမည်ဆိုပါက ရေကို ထိထိရောက်ရောက် အသုံးချနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး အခြားသိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များပြန်လည် မေးမြန်းဆွေးနွေး ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Authentic Production Co.ltd အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)