အမ်းမြို့နယ်၌ဌာနဆိုင်ရာဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ ပြည်သူ များအားကိုဗစ် -၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ဌာနဆိုင်ရာဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ ပြည်သူ များအားကိုဗစ် -၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်





MNP ၊ မေ  ၂၃

        ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့ နယ် တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ ပြည်သူ များအား ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ကကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


       ထိုသို့ထိုးနှံပေးလျက်ရှိရာ အမ်းမြို့ နယ်၌ အမှတ်( ၄)စျေးတောင်ရပ်ကွက်နှင့် အမ်းမြောက်ရပ်ကွက်အတွင်း ကာ ကွယ်ဆေးထိုးနှံပေး​ေနမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်၊ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဝင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။


အမှတ်( ၄)စျေးတောင်ရပ်ကွက်နှင့်အမ်း မြောက်ရပ်ကွက်အတွင်းကာကွယ် ဆေးထိုးနှံပေးနေမှု၌ Sinopharm အမျိုးအစားကာကွယ်ဆေး တတိယအကြိမ်ထိုးနှံသူ (၈၄) ဉီး၊ စတုတ္ထအကြိမ်ထိုးနှံသူ (၉၆) ဦး၊ ပဉ္စမအကြိမ်ထိုးနှံသူ (၃၀) ဦး၊ စုစုပေါင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ ပြည် သူ (၂၁၀) ဉီးတို့ကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။


       အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများနှင့်၎င်းတို့၏ မိသားစုဝင်များ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရော ဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးနှင့် ကြိုတင်ကာကွယ် ရေးနည်းလမ်း များအတိုင်း လိုက်နာနေထိုင်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက အရှိန်အဟုန်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)