ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် အဖွဲ့ မြောက်ဦးမြို့ သာသနာလင်္ကာရ ဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော်များ ဆပ် ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် အဖွဲ့ မြောက်ဦးမြို့ သာသနာလင်္ကာရ ဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော်များ ဆပ် ကပ်လှူဒါန်း





MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက် ရွှေ သည် ယမန်နေ့ ညနေပိုင်းက မြောက်ဦးမြို့နယ် သာသနာလင်္ကာရဘုန်းတော်ကြီးကျောင်း တိုက် သို့သွားရောက်၍ ဆွမ်းဆန် တော် များ နှင့်လှူဖွယ် ဝတ္တုများ ဆပ်ကပ် လှူဒါန်း ပေးခဲ့ ကြ သည်။


ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် အဖွဲ့သည် သာသနာလင်္ကာရဘုန်းတော်ကြီးကျောင်း  ဆရာတော် ဘဒ္ဒန္တကေသရထံမှ ဩဝါဒခံယူ ကြပြီး ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း နှင့် သာမဏေ ၈၆ ပါး တို့ အ တွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်လစာ ဆွမ်းဆန် ၂၀ အိတ် ၊ ဆီ ၃၈ ပိဿာ တို့အား ဆပ်ကပ်လှူဒါန်း ကြပြီးနောက် လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေ ခဲ့ကြ သည်။


အဆိုပါ လှူဒါန်းခြင်းအခမ်းအနားသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ နယ်မြေခံစစ်ဌာနချုပ်မှတပ်မ တော်အရာရှိကြီးများ၊ ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment