ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး







MNP ၊ မေ  ၂၃

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအခြေအနေနှင့် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး ကျောင်းများ ပျက်စီးမှုအား ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။  


ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကာ ၎င်းကျောင်းတိုက် ဆရာတော် မြို့နယ်သံဃာ့နာယက ဒုဉက္ကဋ္ဌ ဦးအရိန္ဒမ အား ဖူးမြော်ကြည်ညို၍ စာသောက်ဖွယ်ရာရိက္ခာများ နှင့် နဝကမ္မအလှူငွေများအား ဆက်ကပ်လှူဒါန်းပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းလျှောက်လမ်းခေါင်မိုး ပြန်လည်ပြုပြင်နေမှုနှင့် ဘုန်းတော်ကြီးကျောင်းခြံဝန်းနောက် ဘက်ရှိ ဆိုင်ကလုန်းရှက်တာ ဆောက်လုပ်နိုင်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။


ထို့နောက်  ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် အထက(ခွဲ)အလက-၂(မြို့မ) ကျောင်းသို့ ရောက်ရှိရာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ကျဆရာ၊ဆရာမများအား   မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို မေးမြန်းကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ 


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်  တာဝန်ရှိသူများသည်  အခြေခံပညာမူလတန်း အောက်ရွာကျောင်းသို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေများနှင့် မိုးရာသီ စာသင်ကျောင်းအတွင်းသို့ ရေဝင်ရောက်နှိုင်မှုအခြေအနေများအားမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ဒုတိယဗိုလ်ချုပ်ကြီးလူအေးမှ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် အစိုးရရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအပ်နှံမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင် ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးကို လမ်းညွှန်မှာကြားခဲ့သည်။ 


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေး နှင့် တာဝန်ရှိသူများသည် ဂုံးချွိန်ကျေးရွာအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင် ကျောက်တစ်လုံးဘုရားအား ဖူးမြော်ကြည်ညိုပြီး ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တပညာဘာသ အား ဖူးမြော်ကြည်ညို၍ စာသောက်ဖွယ်ရာရိက္ခာများနှင့် နဝကမ္မအလှူငွေများအား ဆက်ကပ်လှူဒါန်းကာ ဘုန်းတော်ကြီးကျောင်း လိုအပ်ချက်များကို  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)