ရမ်းဗြဲမြို့၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီတို့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီတို့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်










MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ (မိုခါ)ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာ၀တီအစည်းအဝေးခန်းမတွင် နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


 အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရမ်းဗြဲမြို့သို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိလာသော ဗိုလ်မှူးချုပ်ဇော်မင်းအေးမှရမ်းဗြဲမြို့နယ်အတွင်းရုံးအဆောက်အဦများ၊ဆေးရုံဆေးပေးခန်းများ၊စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊လူနေအိမ်များစသော ပျက်စီးသွားသည့် အဆောက်အဦများကို စာရင်းကောက်ယူရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားသည်။ 


ဆက်လက်၍ သဘာ၀ဘေးအန္တရယ်စီမံခန့်ခွဲမှု ကော်မတီက လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်မှု လက်ရှိဆောင်ရွက်နေမှု ဆက်လက်ဆောင်ရွက်ရန် စီစဥ်ထားရှိမှုများအား ကော်မတီ၀င်များက တင်ပြကြရာ ဗိုလ်မှူးချုပ်ဇော်မင်းအေးက ကော်မတီ၀င်များအား လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)