ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော နေရာများအား ဗိုလ်မှူးချုပ် တင်ဆွေ သည် တာ၀န်ရှိသူများနှင့်အတူ စာသင်ကျောင်း များ၊ ကျေးရွာများရှိ လူနေအိမ်များကို မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ ပျက်စီးနေမှု စာရင်းကောက်ခံထားရှိမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော နေရာများအား ဗိုလ်မှူးချုပ် တင်ဆွေ သည် တာ၀န်ရှိသူများနှင့်အတူ စာသင်ကျောင်း များ၊ ကျေးရွာများရှိ လူနေအိမ်များကို မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ ပျက်စီးနေမှု စာရင်းကောက်ခံထားရှိမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး ကြည့်ရှု






MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန် လည် ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ‌နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ် ကြီးကြပ်နိုင်ရန် ရောက်ရှိနေသော  ဗိုလ်မှူးချုပ် တင်ဆွေ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေဦး ၊ မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်ရေးအဖွဲ့ ၊ တာ၀န်ရှိသူများ နှင့် အတူ ယနေ့ ညနေပိုင်းက လေဘေးကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများ၊ ကျေးရွာများရှိ လူနေအိမ်များ ပျက်စီးနေမှုအားမြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ခံထားရှိမှုများအား  ယနေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။


အဆိုပါ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေဦး  နှင့် တာ၀န်ရှိသူများနှင့်အတူ  မုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံး‌ခဲ့သော မောင်တော မြို့နယ်အတွင်း ကျောက်လှေကားကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း နှင့် ရွှေဇားကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းများတွင် စာသင်ဆောင် နှင့် စာသင်ဆောင်များ တစ်ချို့ အမိုးလန် ပျက်စီးနေမှုများ အား  စာရင်းကောက်ယူထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီး များ နှင့် ဆရာ၊ဆရာမများ ရင်းရင်းနှီးနှ်ီးတွေ့ဆုံနူတ်ဆက်ကာ ကျောင်းအပ်လက်ခံနေမှုအခြေအနေများအား မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ကျောင်း အုပ် ဆရာ/ဆရာမကြီးများက  ကျောင်းအပ်လက်ခံနေမှုအခြေအနေများ နှင့်ပတ်သတ်၍ ဖြေကြားခဲ့ သည်။


ထို့နောက် လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိပြီး  ယာယီလက်ခံ‌ရေးစခန်းအတွင်း အသစ် တပ်ဆင်ထားသော ABH အလုံးများ တစ်ချို့ပြိုလဲပျက်စီးခြင်း၊ အိမ်သာများ ပျက်စီးနေမှုများ ၊ သက္ကပြင် ကျေးရွာ ရှိ ပြန် လည်၀င်ရောက်လာသူများ နေထိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည့် နေအိမ်များ အမိုးလန် ၊ပြိုလဲ ပျက်စီးနေမှုများ ၊ မြို့မအရှေ့ရပ်ကွက်ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ နှင့် ရဲတပ်ဖွဲ့ဝင်များ၏ နေအိမ် လိုင်းခန်းများ ပျက်စီးနေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ယင်းနောက် ပန်းတောပြင်ကျေးရွာ နှင့် ဒုညောင်ပင်ကြီး ကျေးရွာ အတွင်း ရှိ  လေဘေး ကြောင့် လူနေအိမ်များ ၊ အဆောက်အဦ များပျက်စီးခဲ့မှုအားလိုက်လံကြည့်ရှုရာ မြေပြင်စာရင်းကောက်ယူရေး အဖွဲ့ မှ စာရင်း ကောက် ယူထားရှိမှုများအား လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)