ဗိုလ်မှူးချုပ်ကျော်ကျော်ဦး မာန်အောင်ဒေသခံပြည်သူများအား(အခမဲ့)ဆေးကုသပေးနေမှု အားကြည့်ရှုအားပေး၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး စာသင်ကျောင်းများအား သွပ်ပြားများထောက်ပံ့ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ်ကျော်ကျော်ဦး မာန်အောင်ဒေသခံပြည်သူများအား(အခမဲ့)ဆေးကုသပေးနေမှု အားကြည့်ရှုအားပေး၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး စာသင်ကျောင်းများအား သွပ်ပြားများထောက်ပံ့ပေးအပ်လှူဒါန်း






MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်၉နာရီခွဲက မာန်အောင် ပြည်သူ့ဆေးရုံတွင် အခြေပြု၍ တောင်ကုတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာ လှထွန်းဇော်ဦးစီးသော အထူးကု ဆရာဝန်ကြီးများ အဖွဲ့သည်မာန်အောင် ဒေသခံ ပြည်သူများအား(အခမဲ့)ဆေးကုသ ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


   ထို့နောက် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့် အဖွဲ့သည် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအားရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်လှူဒါန်းသော အမိုးသွပ်ပြားများအား သွားရောက် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ရာ (၈)ပေ၊(၃)ပေ၊သွပ်ပြား(၅၀)ချပ်ကို အ-ထ-က ကမား ကိုလည်းကောင်း၊(၈)ပေ၊(၃)ပေ၊သွပ်ပြား(၅၀)ချပ်ကို အ-လ-က(ခွဲ)ကျူ ကိုလည်းကောင်း၊(၈)ပေ၊(၃)ပေ၊သွပ်ပြား(၃၀)ချပ်ကို အ-လ-က ကအီး ကိုလည်းကောင်း၊ကျောင်း အကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းတာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။

 မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စာသင်ကျောင်း စုစုပေါင်း(၄၃)ကျောင်း ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment