ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်



MNP ၊ မေ ၂၇

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ဖြင့် နေရာအသီးသီးသို့ ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တပ်မတော်(ရေ)မှ ၅၆ မီတာကမ်းထိုး ရေယာဉ်ပထမအစီးသည် MV.Sunshine ရေယာဉ်မှ သွားတိုက်တံ ၄၆၀၀ ချောင်း၊ သွားတိုက်ဆေး (၂၅)ဂရမ်  ၁၂၀၀ ဗူး၊ သွားတိုက်ဆေး(၇၅)ဂရမ် ၁၂၀၀ ဗူး၊ ၂၀ လီတာရေသန့်ဗူးခွံ ၅၀ လုံး၊ MV.Forture ရေယာဉ်မှ သွပ် ၁၉၈၂၅ ချပ်၊ သွပ်သံ ၃၂၀ ဖာ၊ တာပေါ်လင် ၁၂၀ လိတ်၊ မိုးကာတဲ ၄၀ လုံး၊ ကြက်ဥ ၇၉၂၀ လုံး၊ MRTV စလောင်း ၅၀ လုံး၊ ခေါက်ဆွဲခြောက် ၂၅၉ ဖာ၊ အိမ်သာကမုတ် ၉၄၆ ခု ၊ ပိုက် ၉၅၀ ချောင်း၊ GE သွပ်များ၊ အိမ်ရိုက်သံ၊ အမိုးရိုက်သံ၊ ဒီဇယ်ဆီစုစုပေါင်းကုန်တန်ချိန်  ၁၉၄.၅ တန်တို့အား စစ်တွေမြို့ Essar တံတား၌တင်ဆောင်၍  ရသေ့တောင်သို့ လည်းကောင်း၊ ၅၆ မီတာကမ်းထိုးရေယာဉ် ဒုတိယအစီးသည် MV.Sunshine ရေယာဉ်မှ သွားတိုက်တံ ၁၁၅၀ ချောင်း၊ သွားတိုက်ဆေး(၂၅)ဂရမ် ၃၀၀၀ ခု၊ သွားတိုက်ဆေး(၇၅)ဂရမ် ၃၀၀၀ ခု၊ ၂၀ လီတာ ရေသန့်ဗူးခွံ ၅၀ လုံး၊ MV.Forture ရေယာဉ်မှ သွပ် ၃၀၀၀ ချပ်၊ သွပ်သံ ၂၁၀ ဖာ တာပေါ်လင် ၉၀ လိတ်၊ MV Aquarius ရေယာဉ်မှ သွပ် ၁၀၀၀ ချပ်၊ သွပ်သံ ၅၀ ဖာ၊ ခေါက်ဆွဲခြောက် ၄၄ ဖာ၊ အဝတ်အထည်အထုတ်ကြီး ၇ ထုတ်နှင့် အိန္ဒိယနိုင်ငံမှ ထောက်ပံ့သည့် တာပေါ်လင် ၃၆ ထုတ် စုစုပေါင်းကုန်တန်ချိန် ၇၀.၅ တန်တို့အား စစ်တွေမြို့ Essar တံတား၌ တင်ဆောင်၍ မြေပုံကမ်းထိုးရပ်သို့လည်းကောင်း ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် ၂၉ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ပေးရန်အတွက် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့်  ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် စုစုပေါင်း ၁၈၆ ဦးတို့အား ရသေ့တောင် ကမ်းထိုးရပ်၌တင်ဆောင်၍ ယနေ့နေ့လည်ပိုင်းတွင် ရေချမ်းပြင်သို့ ပို့ဆောင် ပေးခဲ့သည်။

အလားတူ စစ်ရေယာဉ်(မြစ်ကြီးနား) သည် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဝင်များ၊ ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများမှ ပေးပို့သည့် ကူညီထောက်ပံ့ ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၄၅၅ တန်အား ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်တံတား၌ တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင် ရန်ထွက်ခွာသွားခဲ့သည်။

အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ် ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။ ၎င်း နောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မည့် တပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် စာသင်ကျောင်း များ၊ ပြည်သူများ၏ နေအိမ်များသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)