အမ်းမြို့နယ်အတွင်းသဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ် ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်အတွင်းသဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ် ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိ





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင်သဘာဝဘေးအန္တရာ ယ် များကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တပြေးညီစနစ်တကျစီစဥ်ဆောင်ရွက်နိုင်ရန်အတွက်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌဦးစိုးမင်းထက်က ဦးဆောင်၍မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။


သဘာဝဘေးအန္တရာယ်များကျရောက်ပါက ကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု Commend Center ရုံးခန်းဖွင့်လှစ်ပြီး ကော်မ တီအဖွဲ့(၁၂)ဖွဲ့စည်း၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်လျှက်ရှိခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါကအရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တပ်ရင်းတပ်ဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ထားရှိခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ဆောင်ရွက်ထားရှိ ကြောင်းသိရသည်။


 မြို့နယ်အတွင်း သဘာဝဘေးအ န္တရာယ်ကျရောက်လာပါက ဘေးလွတ်ရာသို့ခိုလှုံပြောင်းရွှေ့မည့် ပြည်သူများအား ထောက်ပံ့နိုင်ရေးအတွက် မြို့နယ်ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ကယ်ဆယ်ရေးပုံး ၁၅၀ အား သိုလှောင်ရုံအတွင်း အဆင်သင့်စုဆောင်းထားရှိပြီး

ကူညီကယ်ဆယ်ရေးပစ္စည်းများအားသက်ဆိုင်ရာနေရာများအလိုက်ဆောင် ရွက်ကာမြို့နယ်လူမှု ရေးအသင်းအဖွဲ့များမှလည်း ကူညီထောက်ပံ့ပေးနိုင်ရေးစီစဥ်ဆောင် ရွက်ထားရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)