ရမ်းဗြဲမြို့၌ သဘာဝဘေးကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ သဘာဝဘေးကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများဆောင်ရွက်





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ်တွင် သဘာဝဘေးအန္တရယ် ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်း

များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ  စနစ်တကျစီစဉ်ဆောင်ရွက်နိုင်ရန်အတွက်

မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥက္ကဌ ဦးခင်မောင်သန်းမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာန

ဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။


ထိုသို့ ရွေ့ပြောင်းဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ဦးဆောင်ကြီး

ကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရယ် ကျရောက်နိုင်သည့် ကျေးရွာအုပ်စု(၁၁)အုပ်စုဖြစ်သော ၊ ကျောက်နီမော်

ကျေးရွာ၊ ဉီးကာပြင်ကျေးရွာ၊ မကျည်းကျေးရွာ ၊အမှတ်(၁)ရပ်ကွက် (လေးတောင်မြို့)၊မကျည်းကုန်းကျေး

ရွာ၊ ဟုန်းဝကျေးရွာ၊တက်ကော့ကျေးရွာ၊သင်းဂနက်ရွာဟောင်းရွာ၊ဇီးတောကျေးရွာ၊အောင်လှပြင်ကျေးရွာ၊

သင်းပေါင်းချောင်းကျေးရွာအုပ်စုရှိ လူဦးရေ စုစုပေါင်း (၁၇၈၄)ဦးအား မုန်းတိုင်းဘေးအန္တရယ်မှကာကွယ် 

ရန်သတ်မှတ်နေရာ စုရပ်များသို့ ကြိုတင်ရွေ့ပြောင်း ထားပြီးဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)