ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပိုမိုထိရောက်လျှင်မြန်စွာ စွမ်းအားဖြည့်ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပိုမိုထိရောက်လျှင်မြန်စွာ စွမ်းအားဖြည့်ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်









MNP ၊ မေ ၂၁

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဖြတ်ကျော်ဝင်ရောက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ကာ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ် ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာထားသည်။ 

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့ မနက်ပိုင်းက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် အဆိုပါဒေသများသို့ နိုင်ငံတော်မှ စီမံပေးမှုဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ကွပ်ကဲမှုနှင့် အထူး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အင်အား (၂၀)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား(၁၁၆)ဦးစီ ပါဝင်သော ကူညီကယ်ဆယ်ရေး တပ်ခွဲ(၃)ခွဲနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ အင်အား ၅၀ ဦး၊ စုစုပေါင်း အင်အား ၄၁၈ ဦးအား နိုင်ငံတော်အကြီးအကဲများ၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ အရေးပေါ်ဆေးဝါးများနှင့် စားရေရိက္ခာများဖြင့် စေလွှတ်ခဲ့ပြီးဖြစ်ပါသည်။  

ယနေ့ မေလ ၂၁ ရက်နေ့တွင်  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပိုမိုထိရောက်လျှင်မြန်စွာ စွမ်းအားဖြည့်ဆောင်ရွက်နိုင်ရန် ဒုတိယညွှန်ကြားရေးမှူးဦးဌေးဝင်း ဦးစီးသော မန္တလေးတိုင်းဒေသကြီးမှ မီးသတ်တပ်ဖွဲ့ဝင်အင်အား(၄၆)ဦး၊ ပြည်ထောင်စုနယ်မြေနေပြည်တော်မှ မီးသတ်တပ်ဖွဲ့ဝင် အင်အား(၃၅)ဦး၊ ပေါင်း(၈၁)ဦးသည် နေပြည်တော်အေလာလေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ၁၃ ၁၂ အချိန်တွင်လည်းကောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်အင်အား(၁၅)ဦး၊ မွန်ပြည်နယ်မှ မီးသတ်တပ်ဖွဲ့ဝင်အင်အား(၃၅)ဦး၊ ပေါင်း (၅၀)ဦးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ၁၃ ၁၂ အချိန်တွင်လည်းကောင်း စစ်တွေမြို့သို့ စုစုပေါင်းအင်အား(၁၃၁)ဦးတို့အား ထပ်မံစေလွှတ်ခဲ့ရာ နေပြည်တော်အေလာလေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများမှ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)