MNP ၊ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးကို စည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များမှ ဝါးခယ်မမြို့၊ ဈေးရပ်ကွက်ရှိ အ.မ.က ဈေးကျောင်းနှင့် ကြခတ်ကုန်းကျေးရွာ၊ မူလွန်မရမ်းချောင်ကျောင်းတို့တွင် မူလတန်းပြ ဆရာ၊ ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ ကျောင်းများအားသန့်ရှင်းရေးဆောင်ရွက်ထားရန်၊ KG ကျောင်းတက် မည့်ကလေးများအား စည်းရုံး၍ ကျောင်းတက်နိုင်ရေး ကူညီဆောင်ရွက်ရန်၊ Grade-1 တက်မည့် ကလေးများအားဆက်သွယ်၍ ကျောင်းတက်နိုင်ရေးဆောင်ရွက်ရန်၊ ကျောင်းအပ်နှံရာတွင် လိုအပ်သည့် အချက်အလက်များအနက် မိဘများ၏မှတ်ပုံတင်ကိစ္စရပ်များအား ဆောင်ရွက်ပေမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမည့် ကလေးများအား ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment